spoken_style stringlengths 7 352 | written_style stringlengths 8 354 |
|---|---|
သူက ဆရာ။ | သူသည် ဆရာဖြစ်သည်။ |
ကျွန်တော်က ကျောင်းသွားတယ်။ | ကျွန်တော်သည် ကျောင်းသွားသည်။ |
ကျွန်တော်က ကျောင်းကနေပြန်လာတယ်။ | ကျွန်တော်သည် ကျောင်းမှပြန်လာသည်။ |
သူက ထမင်းစားတယ်။ | သူသည် ထမင်းစားသည်။ |
သူက ရေကိုသောက်တယ်။ | သူသည် ရေကိုသောက်သည်။ |
အိမ်အပြန်လမ်းမှာ ဆရာနဲ့ဆရာမကို တွေ့မိခဲ့တယ်။ | အိမ်အပြန်လမ်းတွင် ဆရာနှင့်ဆရာမကို တွေ့မိခဲ့သည်။ |
ကွန်ပျူတာပျက်သွားလို့ စိတ်ညစ်နေတယ်။ | ကွန်ပျူတာပျက်သွား၍ စိတ်ညစ်နေသည်။ |
ကျွန်တော်က ရေနဲ့ထမင်းကိုပဲ စားတယ်။ | ကျွန်တော်သည် ရေနှင့်ထမင်းကိုသာ စားသည်။ |
ကျွန်တော်က ရေပဲ သောက်တယ်။ | ကျွန်တော်သည် ရေသာ သောက်သည်။ |
ကျောင်းသားတိုင်းက စာကြိုးစားရမယ်။ | ကျောင်းသားတိုင်းသည် စာကြိုးရမည်။ |
ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားတယ်။ | ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့် သွားသည်။ |
မန္တလေးကနေ ပခုက္ကူကို ကားနဲ့သွားတာ ၅ နာရီလောက်ပဲကြာတယ်။ | မန္တလေးမှ ပခုက္ကူသို့ ကားဖြင့်သွားရာ ၅ နာရီခန့်သာ ကြာသည်။ |
စာရေးတာက လက်နာတယ်။ | စာရေးခြင်းသည် လက်နာသည်။ |
ကျွန်တော်က ကျောင်းသားတစ်ယောက်ဖြစ်တယ်။ | ကျွန်တော်သည် ကျောင်းသားတစ်ယောက်ဖြစ်သည်။ |
ကျွန်တော်က ကျောင်းသားဖြစ်တာကြောင့် စာရေးရတယ်။ | ကျွန်တော်သည် ကျောင်းဖြစ်၍ စာရေးရသည်။ |
ကျွန်တော်က အသီးတွေထဲမှာ ပန်းသီးကို ပိုပြီးကြိုက်တယ်။ | ကျွန်တော်သည် အသီးများထဲတွင် ပန်းသီးကို ပို၍ကြိုက်သည်။ |
ကျွန်တော်က အရောင်တွေထဲမှာ အနက်ကို သိပ်ပြီးမကြိုက်ဘူး။ | ကျွန်တော်သည် အရောင်များထဲတွင် အနက်ကို သိပ်၍မကြိုက်ပါ။ |
ကျွန်တော်က အိမ်ထဲမှာ အနေများတယ်။ | ကျွန်တော်သည် အိမ်ထဲတွင် အနေများသည်။ |
သူ့မှာ အရသာရှိတဲ့ ငှက်ပျောသီးရှိတယ်။ | သူ့၌ အရသာရှိသော ငှက်ပျောသီးရှိသည်။ |
ဒီနေ့ မိုးသည်းသည်းထန်ထန် ရွာလိမ့်မယ်။ | ယနေ့ မိုးသည်ထန်စွာ ရွာလိမ့်မည်။ |
ကျောင်းကို လျှင်လျှင်မြန်မြန် ပြေးပြီး သွားတယ်။ | ကျောင်းသို့ လျှင်မြန်စွာ ပြေး၍ သွားသည်။ |
အလုပ်ဆင်းချိန်ရောက်လို့ သူက သူ့ပစ္စည်းတွေကို လျှင်လျှင်မြန်မြန် သိမ်းတယ်။ | အလုပ်ဆင်းချိန်ရောက်သောကြောင့် သူသည် သူ၏ပစ္စည်းများကို လျှင်မြန်စွာ သိမ်းသည်။ |
ကျောင်းတက်မှန်ရင် အမှတ်ကောင်းတယ်။ | ကျောင်းတက်မှန်လျှင် အမှတ်ကောင်းသည်။ |
သူပြောတာမှန်ရင် ကောင်းမယ်။ | သူပြောတာမှန်လျှင် ကောင်းမည်။ |
ဒီနေ့ ရာသီဥတုက သာသာယာယာ မရှိနေဘူး။ | ယနေ့ ရာသီဥတုသည် သာယာစွာ မရှိနေပါ။ |
ဒီနေ့ သူ့အဝတ်အစားတွေက တောက်တောက်ပြောင်ပြောင် ဖြစ်နေတယ်။ | ယနေ့ သူ၏အဝတ်အစားများသည် တောက်ပြောင်စွာ ဖြစ်နေသည်။ |
ဦးဘက ကိုကောင်းရဲ့ အဖေလေ။ | ဦးဘသည် ကိုကောင်း၏ ဖခင်ဖြစ်သည်။ |
ဒေါ်လှက စကားကို ချိုချိုသာသာ ပြောတတ်တယ်။ | ဒေါ်လှသည် စကားကို ချိုသာစွာ ပြောတတ်သည်။ |
မမရဲ့ စကားလုံးတွေက နားဝင်အရမ်းချိုတာပဲ။ | မမ၏ စကားလုံးများသည် နာဝင်အလွန်ချိုသည်။ |
မောင်မောင်ရဲ့ စကားလုံးတွေက ဓားသွားလိုမျိုး စူးစူးရှရှဖြစ်နေတယ်။ | မောင်မောင်၏ စကားလုံးများသည် ဓားသွားကဲ့သို့ စူးရှစွာဖြစ်နေသည်။ |
မင်းကို ထပ်ပြီးမတွေ့ရတော့ဘူးလို့ ထင်နေတာ။ | မင်းကို ထပ်။ |
ငါဆိုလိုတာက မြန်မြန်ဆန်ဆန်လုပ်၊ ပြီးရင် ထမင်းချက်လိုက်။ | ငါဆိုလိုသည်မှာ မြန်ဆန်စွာလုပ်၊ ပြီးလျှင် ထမင်းချက်ပါ။ |
မောင်မောင်နဲ့ဆုဆုက မောင်နှမတွေပါ။ | မောင်မောင်နှင့်ဆုဆုသည် မောင်နှမများဖြစ်သည်။ |
မောင်မောင်နဲ့ဆုဆုက ကျောင်းကို ကားနဲ့သွားတယ်။ | မောင်မောင်နှင့်ဆုဆုသည် ကျောင်းသို့ ကားဖြင့်သွားသည်။ |
ကားကို မြန်မြန်မောင်းဖို့ မသင့်တော်ဘူး။ | ကားကို မြန်စွာမောင်းရန် မသင့်တော်ပါ။ |
ဒီရေကန်မှာ ငါးမြှားလို့မရဘူး။ | ဤရေကန်တွင် ငါးမြှား၍မရပါ။ |
ငါ အခု ရေချိုးမယ်။ | ငါ ယခု ရေချိုးမည်။ |
သူ ဒီနေ့ အလုပ်မလုပ်ဘူး။ | သူ ယနေ့ အလုပ်မလုပ်ပါ။ |
မင်း ဘာရှာနေတာလဲ။ | မင်း မည်သည်ကို ရှာနေသနည်း။ |
လှလှ ဘယ်မှာ နေသလဲ။ | လှလှ အဘယ်မှာ နေသနည်း။ |
သူ စစ်ကိုင်းက မန္တလေးကို ရထားနဲ့လာတယ်။ | သူ စစ်ကိုင်းမှ မန္တလေးသို့ ရထားဖြင့် လာသည်။ |
သူမက အိမ်မှာပဲ စာဖတ်မယ်။ | သူမသည် အိမ်၌ပင် စာဖတ်မည်။ |
ငါ ကောင်းကောင်း အိပ်ပျော်တယ်။ | ငါ ကောင်းစွာ အိပ်ပျော်သည်။ |
သူမ စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။ | သူမ စိတ်ပျက်စွာ ဖြစ်နေသည်။ |
မင်း တိုးတိုး ပြောရမယ်။ | မင်း တိုးညင်းစွာ ပြောရမည်။ |
တကယ်လို့ မင်း စာမကျက်ရင် စာမေးပွဲကျလိမ့်မယ်။ | အကယ်၍ မင်း စာမကျက်လျှင် စာမေးပွဲကျလိမ့်မည်။ |
ဒါကြောင့် ငါ လာခဲ့တယ်။ | ထို့ကြောင့် ငါ လာခဲ့သည်။ |
ဒါပေမယ့် သူမ သဘောမတူဘူး။ | သို့သော် သူမ သဘောမတူပါ။ |
နေပူ ပေမယ့် ငါ သွားမယ်။ | နေပူ သော်လည်း ငါ သွားမည်။ |
ဒီသတင်းကို ငါ ကြားတယ်။ | ဤသတင်းကို ငါ ကြားသည်။ |
သူ မလာဘူးလို့ ပြောတယ်။ | သူ မလာဟူ၍ ပြောသည်။ |
ငါ သိပ်ဝမ်းသာတယ်။ | ငါ အလွန်ဝမ်းသာသည်။ |
ဒီလို မပြောပါနဲ့။ | ဤသို့ မပြောပါနှင့်။ |
လူကြီးတွေ စကားပြောနေတယ်။ | လူကြီးများ စကားပြောနေသည်။ |
မောင်မောင် လုပ်လို့ မရဘူး။ | မောင်မောင် လုပ်၍ မရပေ။ |
ငါ စောင့်ရတာ မကြိုက်ဘူး။ | ငါ စောင့်ရသည်မှာ မကြိုက်ပေ။ |
သူ ကစားနေတာ။ | သူ ကစားနေခြင်းဖြစ်သည်။ |
အလုပ်ဆိုတာ ကြိုးစားရတယ်။ | အလုပ်ဆိုသည်မှာ ကြိုးစားရသည်။ |
ငါ သီချင်းနားထောင်တာကို နှစ်သက်တယ်။ | ငါ သီချင်းနားထောင်ခြင်းကို နှစ်သက်သည်။ |
မင်း ဘာစာအုပ် ဖတ်မလဲ။ | မင်း မည်သည့်စာအုပ် ဖတ်မည်နည်း။ |
သူ ဘာဝယ်တာလဲ။ | သူ မည်သည်ကို ဝယ်သနည်း။ |
မင်း ဘာလို့ စိတ်ဆိုးတာလဲ။ | မင်း အဘယ်ကြောင့် စိတ်ဆိုးသနည်း။ |
သူမ စာမေးပွဲ အောင်သလား။ | သူမ စာမေးပွဲ အောင်သလော။ |
မင်း ဘယ်နေ့ ပြန်လာမလဲ။ | မင်း မည်သည့်နေ့ ပြန်လာမည်နည်း။ |
ငါတို့ ဘယ်ဆိုင်မှာ ထိုင်မလဲ။ | ငါတို့ မည်သည့်ဆိုင်တွင် ထိုင်မည်နည်း။ |
ဘယ်သူ လာမလဲ။ | မည်သူ လာမည်နည်း။ |
မင်း ဘယ်လို ပြင်မလဲ။ | မင်း မည်သို့ ပြင်မည်နည်း။ |
မနက်ဖြန်ကစပြီး ငါ ဝိတ်ချမယ်။ | မနက်ဖြန်မှစ၍ ငါ ဝိတ်ချမည်။ |
အသက်ရှင်တဲ့အထိ ကျေးဇူးဆပ်မယ်။ | အသက်ရှင်သည့်တိုင် ကျေးဇူးဆပ်မည်။ |
တကယ်တော့ ဒါက မဟုတ်မမှန်ပါဘူး။ | စင်စစ် ဤသည်မှာ မဟုတ်မမှန်ပါ။ |
ငါ သောက်ဖို့ ဝယ်လာတယ်။ | ငါ သောက်ရန် ဝယ်လာသည်။ |
သူ အကြာကြီး မနေချင်ဘူး။ | သူ အကြာကြီး မနေလိုပေ။ |
သူ့ဆီကို ပေးလိုက်မယ်။ | သူ့ထံသို့ ပေးလိုက်မည်။ |
သူ့ဆီက အကူအညီ ရတယ်။ | သူ့ထံမှ အကူအညီ ရသည်။ |
ရေခဲသေတ္တာထဲမှာ မုန့်မရှိပါနဲ့။ | ရေခဲသေတ္တာအတွင်း၌ မုန့်မရှိပါနှင့်။ |
မင်း မြန်မြန်ပြေးတယ်။ | မင်း မြန်စွာပြေးသည်။ |
သူမ သေသေသပ်သပ် ဝတ်ဆင်တယ်။ | သူမ သေသပ်စွာ ဝတ်ဆင်တယ်။ |
ပင်ပန်း ပေမယ့် ငါ လုပ်မယ်။ | ပင်ပန်း သော်လည်း ငါ လုပ်မည်။ |
ဘာပဲဖြစ်ဖြစ် ငါ ငွေရှာရမယ်။ | မည်သို့ပင်ဖြစ်စေ ငါ ငွေရှာရမည်။ |
ဒါတင်မက သူ ခိုးလဲ ခိုးသေးတယ်။ | ထိုမျှမက သူ ခိုးလည်း ခိုးသေး၏။ |
ဆရာ ပြောသလို ငါ ရေးတယ်။ | ဆရာ ပြောသကဲ့သို့ ငါ ရေးသည်။ |
မောင်မောင် ယောကျာ်းကောင်းတစ်ယောက် မဟုတ်တော့ဘူး။ | မောင်မောင် ယောကျာ်းကောင်းတစ်ယောက် မဟုတ်တော့ပေ။ |
ဒီကားကို ငါ မဝယ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဈေးကြီးလို့။ | ဤကားကို ငါ မဝယ်နိုင်ပေ အဘယ်ကြောင့်ဆိုသော် ဈေးကြီးသောကြောင့်ဖြစ်သည်။ |
တွေးစရာ အကြောင်း မရှိတော့ဘူး။ | တွေးဖွယ်ရာ အကြောင်း မရှိတော့ပေ။ |
လုပ်နိုင်သလောက် ကူညီပါ။ | လုပ်နိုင်သမျှ ကူညီပါ။ |
ငါ့ကို ဒီလောက် ပန်ကာဖွင့်ပေးပါ။ | ငါ့ကို ဤမျှ ပန်ကာဖွင့်ပေးပါ။ |
သူ ဟိုလို ပြောတယ်။ | သူ ထိုသို့ ပြောသည်။ |
ဟိုအိမ်ကို ငါ မသွားဘူး။ | ထိုအိမ်သို့ ငါ မသွားပါ။ |
ခဏ လမ်းလျှောက်ပါ။ | ခေတ္တ လမ်းလျှောက်ပါ။ |
လာမယ့် နှစ်မှာ ငါ ဘွဲ့ရမယ်။ | လာမည့် နှစ်တွင် ငါ ဘွဲ့ရမည်။ |
တော်တဲ့ လူငယ် ဖြစ်တယ်။ | တော်သည့် လူငယ် ဖြစ်သည်။ |
မင်း မစားလဲ ရတယ်။ | မင်း မစားသော်လည်း ရသည်။ |
மင်း မကူညီရင် ငါ ဒုက္ခရောက်မယ်။ | မင်း မကူညီလျှင် ငါ ဒုက္ခရောက်မည်။ |
သူ စာမဖတ်တာကလွဲလို့ အကုန်ကောင်းတယ်။ | သူ စာမဖတ်သည်မှလွဲ၍ အကုန်ကောင်းသည်။ |
အားလပ်ရက်မှာ ပန်းချီဆွဲမယ်။ | အားလပ်ရက်တွင် ပန်းချီဆွဲမည်။ |
သူ အမြင့်ကြီးက ပြုတ်ကျတယ်။ | သူ အမြင့်မှ ပြုတ်ကျသည်။ |
ငါ့အစ်ကိုက လူကောင်းဖြစ်သည်။ | ငါ့အစ်ကိုသည် လူကောင်းဖြစ်သည်။ |
ဒီကလေးက လိမ္မာတယ်။ | ဤကလေးသည် လိမ္မာသည်။ |
မင်း ဘာတောင်းသလဲ။ | မင်း မည်သည်ကို တောင်းသနည်း။ |
သူ ငိုနေတာကို ငါ တွေ့တယ်။ | သူ ငိုနေသည်ကို ငါ တွေ့သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.