spoken_style
stringlengths
7
352
written_style
stringlengths
8
354
သူက ဆရာ။
သူသည် ဆရာဖြစ်သည်။
ကျွန်တော်က ကျောင်းသွားတယ်။
ကျွန်တော်သည် ကျောင်းသွားသည်။
ကျွန်တော်က ကျောင်းကနေပြန်လာတယ်။
ကျွန်တော်သည် ကျောင်းမှပြန်လာသည်။
သူက ထမင်းစားတယ်။
သူသည် ထမင်းစားသည်။
သူက ရေကိုသောက်တယ်။
သူသည် ရေကိုသောက်သည်။
အိမ်အပြန်လမ်းမှာ ဆရာနဲ့ဆရာမကို တွေ့မိခဲ့တယ်။
အိမ်အပြန်လမ်းတွင် ဆရာနှင့်ဆရာမကို တွေ့မိခဲ့သည်။
ကွန်ပျူတာပျက်သွားလို့ စိတ်ညစ်နေတယ်။
ကွန်ပျူတာပျက်သွား၍ စိတ်ညစ်နေသည်။
ကျွန်တော်က ရေနဲ့ထမင်းကိုပဲ စားတယ်။
ကျွန်တော်သည် ရေနှင့်ထမင်းကိုသာ စားသည်။
ကျွန်တော်က ရေပဲ သောက်တယ်။
ကျွန်တော်သည် ရေသာ ‌သောက်သည်။
ကျောင်းသားတိုင်းက စာကြိုးစားရမယ်။
ကျောင်းသားတိုင်းသည် စာကြိုးရမည်။
ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားတယ်။
ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့် သွားသည်။
မန္တလေးကနေ ပခုက္ကူကို ကားနဲ့သွားတာ ၅ နာရီလောက်ပဲကြာတယ်။
မန္တလေးမှ ပခုက္ကူသို့ ကားဖြင့်သွားရာ ၅ နာရီခန့်သာ ကြာသည်။
စာရေးတာက လက်နာတယ်။
စာရေးခြင်းသည် လက်နာသည်။
ကျွန်တော်က ကျောင်းသားတစ်ယောက်ဖြစ်တယ်။
ကျွန်တော်သည် ကျောင်းသားတစ်ယောက်ဖြစ်သည်။
ကျွန်တော်က ကျောင်းသားဖြစ်တာကြောင့် စာရေးရတယ်။
ကျွန်တော်သည် ကျောင်းဖြစ်၍ စာရေးရသည်။
ကျွန်တော်က အသီးတွေထဲမှာ ပန်းသီးကို ပိုပြီးကြိုက်တယ်။
ကျွန်တော်သည် အသီးများထဲတွင် ပန်းသီးကို ပို၍ကြိုက်သည်။
ကျွန်တော်က အရောင်တွေထဲမှာ အနက်ကို သိပ်ပြီးမကြိုက်ဘူး။
ကျွန်တော်သည် အရောင်များထဲတွင် အနက်ကို သိပ်၍မကြိုက်ပါ။
ကျွန်တော်က အိမ်ထဲမှာ အနေများတယ်။
ကျွန်တော်သည် အိမ်ထဲတွင် အနေများသည်။
သူ့မှာ အရသာရှိတဲ့ ငှက်ပျောသီးရှိတယ်။
သူ့၌ အရသာရှိသော ငှက်ပျောသီးရှိသည်။
ဒီနေ့ မိုးသည်းသည်းထန်ထန် ရွာလိမ့်မယ်။
ယနေ့ မိုးသည်ထန်စွာ ရွာလိမ့်မည်။
ကျောင်းကို လျှင်လျှင်မြန်မြန် ပြေးပြီး သွားတယ်။
ကျောင်းသို့ လျှင်မြန်စွာ ပြေး၍ သွားသည်။
အလုပ်ဆင်းချိန်ရောက်လို့ သူက သူ့ပစ္စည်းတွေကို လျှင်လျှင်မြန်မြန် သိမ်းတယ်။
အလုပ်ဆင်းချိန်ရောက်သောကြောင့် သူသည် သူ၏ပစ္စည်းများကို လျှင်မြန်စွာ သိမ်းသည်။
ကျောင်းတက်မှန်ရင် အမှတ်ကောင်းတယ်။
ကျောင်းတက်မှန်လျှင် အမှတ်ကောင်းသည်။
သူပြောတာမှန်ရင် ကောင်းမယ်။
သူပြောတာမှန်လျှင် ကောင်းမည်။
ဒီနေ့ ရာသီဥတုက သာသာယာယာ မရှိနေဘူး။
ယနေ့ ရာသီဥတုသည် သာယာစွာ မရှိနေပါ။
ဒီနေ့ သူ့အဝတ်အစားတွေက တောက်တောက်ပြောင်ပြောင် ဖြစ်နေတယ်။
ယနေ့ သူ၏အဝတ်အစားများသည် တောက်ပြောင်စွာ ဖြစ်နေသည်။
ဦးဘက ကိုကောင်းရဲ့ အဖေလေ။
ဦးဘသည် ကိုကောင်း၏ ဖခင်ဖြစ်သည်။
ဒေါ်လှက စကားကို ချိုချိုသာသာ ပြောတတ်တယ်။
ဒေါ်လှသည် စကားကို ချိုသာစွာ ပြောတတ်သည်။
မမရဲ့ စကားလုံးတွေက နားဝင်အရမ်းချိုတာပဲ။
မမ၏ စကားလုံးများသည် နာဝင်အလွန်ချိုသည်။
မောင်မောင်ရဲ့ စကားလုံးတွေက ဓားသွားလိုမျိုး စူးစူးရှရှဖြစ်နေတယ်။
မောင်မောင်၏ စကားလုံးများသည် ဓားသွားကဲ့သို့ စူးရှစွာဖြစ်နေသည်။
မင်းကို ထပ်ပြီးမတွေ့ရတော့ဘူးလို့ ထင်နေတာ။
မင်းကို ထပ်။
ငါဆိုလိုတာက မြန်မြန်ဆန်ဆန်လုပ်၊ ပြီးရင် ထမင်းချက်လိုက်။
ငါဆိုလိုသည်မှာ မြန်ဆန်စွာလုပ်၊ ပြီးလျှင် ထမင်းချက်ပါ။
မောင်မောင်နဲ့ဆုဆုက မောင်နှမတွေပါ။
မောင်မောင်နှင့်ဆုဆုသည် မောင်နှမများဖြစ်သည်။
မောင်မောင်နဲ့ဆုဆုက ကျောင်းကို ကားနဲ့သွားတယ်။
မောင်မောင်နှင့်ဆုဆုသည် ကျောင်းသို့ ကားဖြင့်သွားသည်။
ကားကို မြန်မြန်မောင်းဖို့ မသင့်တော်ဘူး။
ကားကို မြန်စွာမောင်းရန် မသင့်တော်ပါ။
ဒီရေကန်မှာ ငါးမြှားလို့မရဘူး။
ဤရေကန်တွင် ငါးမြှား၍မရပါ။
ငါ အခု ရေချိုးမယ်။
ငါ ယခု ရေချိုးမည်။
သူ ဒီနေ့ အလုပ်မလုပ်ဘူး။
သူ ယနေ့ အလုပ်မလုပ်ပါ။
မင်း ဘာရှာနေတာလဲ။
မင်း မည်သည်ကို ရှာနေသနည်း။
လှလှ ဘယ်မှာ နေသလဲ။
လှလှ အဘယ်မှာ နေသနည်း။
သူ စစ်ကိုင်းက မန္တလေးကို ရထားနဲ့လာတယ်။
သူ စစ်ကိုင်းမှ မန္တလေးသို့ ရထားဖြင့် လာသည်။
သူမက အိမ်မှာပဲ စာဖတ်မယ်။
သူမသည် အိမ်၌ပင် စာဖတ်မည်။
ငါ ကောင်းကောင်း အိပ်ပျော်တယ်။
ငါ ကောင်းစွာ အိပ်ပျော်သည်။
သူမ စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။
သူမ စိတ်ပျက်စွာ ဖြစ်နေသည်။
မင်း တိုးတိုး ပြောရမယ်။
မင်း တိုးညင်းစွာ ပြောရမည်။
တကယ်လို့ မင်း စာမကျက်ရင် စာမေးပွဲကျလိမ့်မယ်။
အကယ်၍ မင်း စာမကျက်လျှင် စာမေးပွဲကျလိမ့်မည်။
ဒါကြောင့် ငါ လာခဲ့တယ်။
ထို့ကြောင့် ငါ လာခဲ့သည်။
ဒါပေမယ့် သူမ သဘောမတူဘူး။
သို့သော် သူမ သဘောမတူပါ။
နေပူ ပေမယ့် ငါ သွားမယ်။
နေပူ သော်လည်း ငါ သွားမည်။
ဒီသတင်းကို ငါ ကြားတယ်။
ဤသတင်းကို ငါ ကြားသည်။
သူ မလာဘူးလို့ ပြောတယ်။
သူ မလာဟူ၍ ပြောသည်။
ငါ သိပ်ဝမ်းသာတယ်။
ငါ အလွန်ဝမ်းသာသည်။
ဒီလို မပြောပါနဲ့။
ဤသို့ မပြောပါနှင့်။
လူကြီးတွေ စကားပြောနေတယ်။
လူကြီးများ စကားပြောနေသည်။
မောင်မောင် လုပ်လို့ မရဘူး။
မောင်မောင် လုပ်၍ မရပေ။
ငါ စောင့်ရတာ မကြိုက်ဘူး။
ငါ စောင့်ရသည်မှာ မကြိုက်ပေ။
သူ ကစားနေတာ။
သူ ကစားနေခြင်းဖြစ်သည်။
အလုပ်ဆိုတာ ကြိုးစားရတယ်။
အလုပ်ဆိုသည်မှာ ကြိုးစားရသည်။
ငါ သီချင်းနားထောင်တာကို နှစ်သက်တယ်။
ငါ သီချင်းနားထောင်ခြင်းကို နှစ်သက်သည်။
မင်း ဘာစာအုပ် ဖတ်မလဲ။
မင်း မည်သည့်စာအုပ် ဖတ်မည်နည်း။
သူ ဘာဝယ်တာလဲ။
သူ မည်သည်ကို ဝယ်သနည်း။
မင်း ဘာလို့ စိတ်ဆိုးတာလဲ။
မင်း အဘယ်ကြောင့် စိတ်ဆိုးသနည်း။
သူမ စာမေးပွဲ အောင်သလား။
သူမ စာမေးပွဲ အောင်သလော။
မင်း ဘယ်နေ့ ပြန်လာမလဲ။
မင်း မည်သည့်နေ့ ပြန်လာမည်နည်း။
ငါတို့ ဘယ်ဆိုင်မှာ ထိုင်မလဲ။
ငါတို့ မည်သည့်ဆိုင်တွင် ထိုင်မည်နည်း။
ဘယ်သူ လာမလဲ။
မည်သူ လာမည်နည်း။
မင်း ဘယ်လို ပြင်မလဲ။
မင်း မည်သို့ ပြင်မည်နည်း။
မနက်ဖြန်ကစပြီး ငါ ဝိတ်ချမယ်။
မနက်ဖြန်မှစ၍ ငါ ဝိတ်ချမည်။
အသက်ရှင်တဲ့အထိ ကျေးဇူးဆပ်မယ်။
အသက်ရှင်သည့်တိုင် ကျေးဇူးဆပ်မည်။
တကယ်တော့ ဒါက မဟုတ်မမှန်ပါဘူး။
စင်စစ် ဤသည်မှာ မဟုတ်မမှန်ပါ။
ငါ သောက်ဖို့ ဝယ်လာတယ်။
ငါ သောက်ရန် ဝယ်လာသည်။
သူ အကြာကြီး မနေချင်ဘူး။
သူ အကြာကြီး မနေလိုပေ။
သူ့ဆီကို ပေးလိုက်မယ်။
သူ့ထံသို့ ပေးလိုက်မည်။
သူ့ဆီက အကူအညီ ရတယ်။
သူ့ထံမှ အကူအညီ ရသည်။
ရေခဲသေတ္တာထဲမှာ မုန့်မရှိပါနဲ့။
ရေခဲသေတ္တာအတွင်း၌ မုန့်မရှိပါနှင့်။
မင်း မြန်မြန်ပြေးတယ်။
မင်း မြန်စွာပြေးသည်။
သူမ သေသေသပ်သပ် ဝတ်ဆင်တယ်။
သူမ သေသပ်စွာ ဝတ်ဆင်တယ်။
ပင်ပန်း ပေမယ့် ငါ လုပ်မယ်။
ပင်ပန်း သော်လည်း ငါ လုပ်မည်။
ဘာပဲဖြစ်ဖြစ် ငါ ငွေရှာရမယ်။
မည်သို့ပင်ဖြစ်စေ ငါ ငွေရှာရမည်။
ဒါတင်မက သူ ခိုးလဲ ခိုးသေးတယ်။
ထိုမျှမက သူ ခိုးလည်း ခိုးသေး၏။
ဆရာ ပြောသလို ငါ ရေးတယ်။
ဆရာ ပြောသကဲ့သို့ ငါ ရေးသည်။
မောင်မောင် ယောကျာ်းကောင်းတစ်ယောက် မဟုတ်တော့ဘူး။
မောင်မောင် ယောကျာ်းကောင်းတစ်ယောက် မဟုတ်တော့ပေ။
ဒီကားကို ငါ မဝယ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဈေးကြီးလို့။
ဤကားကို ငါ မဝယ်နိုင်ပေ အဘယ်ကြောင့်ဆိုသော် ဈေးကြီးသောကြောင့်ဖြစ်သည်။
တွေးစရာ အကြောင်း မရှိတော့ဘူး။
တွေးဖွယ်ရာ အကြောင်း မရှိတော့ပေ။
လုပ်နိုင်သလောက် ကူညီပါ။
လုပ်နိုင်သမျှ ကူညီပါ။
ငါ့ကို ဒီလောက် ပန်ကာဖွင့်ပေးပါ။
ငါ့ကို ဤမျှ ပန်ကာဖွင့်ပေးပါ။
သူ ဟိုလို ပြောတယ်။
သူ ထိုသို့ ပြောသည်။
ဟိုအိမ်ကို ငါ မသွားဘူး။
ထိုအိမ်သို့ ငါ မသွားပါ။
ခဏ လမ်းလျှောက်ပါ။
ခေတ္တ လမ်းလျှောက်ပါ။
လာမယ့် နှစ်မှာ ငါ ဘွဲ့ရမယ်။
လာမည့် နှစ်တွင် ငါ ဘွဲ့ရမည်။
တော်တဲ့ လူငယ် ဖြစ်တယ်။
တော်သည့် လူငယ် ဖြစ်သည်။
မင်း မစားလဲ ရတယ်။
မင်း မစားသော်လည်း ရသည်။
மင်း မကူညီရင် ငါ ဒုက္ခရောက်မယ်။
မင်း မကူညီလျှင် ငါ ဒုက္ခရောက်မည်။
သူ စာမဖတ်တာကလွဲလို့ အကုန်ကောင်းတယ်။
သူ စာမဖတ်သည်မှလွဲ၍ အကုန်ကောင်းသည်။
အားလပ်ရက်မှာ ပန်းချီဆွဲမယ်။
အားလပ်ရက်တွင် ပန်းချီဆွဲမည်။
သူ အမြင့်ကြီးက ပြုတ်ကျတယ်။
သူ အမြင့်မှ ပြုတ်ကျသည်။
ငါ့အစ်ကိုက လူကောင်းဖြစ်သည်။
ငါ့အစ်ကိုသည် လူကောင်းဖြစ်သည်။
ဒီကလေးက လိမ္မာတယ်။
ဤကလေးသည် လိမ္မာသည်။
မင်း ဘာတောင်းသလဲ။
မင်း မည်သည်ကို တောင်းသနည်း။
သူ ငိုနေတာကို ငါ တွေ့တယ်။
သူ ငိုနေသည်ကို ငါ တွေ့သည်။